နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 15, 2009

ထိုင်းမှိုင်းမှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

အာဟာရသုတ်-မှ...

လေးလံ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်
ပြောစေရန် အ ကြောင်းကား အဘယ်နည်း။

ရဟန်းတို့ ...
မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက် ဆန့်ငင်ဖြစ်ခြင်း၊ ထမင်းဆီယစ်ခြင်း၊ စိတ်၏ဆုတ်နစ်ခြင်းသည် ရှိ၏။ ထို (မမွေ့လျော်ခြင်းစသည်)၌ မသင့်လျော်သော အားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ
ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ြောစေရန် အ ကြောင်းတည်း။ 232-3

ရဟန်းတို့ ...
မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံ
ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေ
န် အ ကြောင်း မဟုတ်သော တရားကား အဘယ်နည်း၊

ရဟန်းတို့ ...
ရှေးဦးစွာ အားထုတ်မှု 'အာရမ္ဘဓာတ်' ၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု 'နိက္ကမဓာတ်'၊ အဆင့်ဆင့် အားထုတ်မှု 'ပရက္ကမဓာတ်' တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့် လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤ သည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီး သော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို အတိုင်းထက် အလွန် ဖြစ်စေရန် ပြန့်ပြော
စေရန် အကြောင်း မဟုတ်သော တရားတည်း...။232-3

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ငါးပါးလုံးသို့ --->


((ဒီလိုဆိုရပြီနော် အပိုမပါ))

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။