နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 2, 2009

မနှိုင်းယှဉ်နိုင်သော... အပ္ပမေယျသုတ်...

အပ္ပမေယျသုတ် - (မနှိုင်းယှဉ်ရာသော)

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။

အဘယ် သုံးမျိုး တို့နည်းဟူမူ-

၁... နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ် လည်းကောင်း၊
၂... နှိုင်းရှည့်ရန် ခက်သော ပုဂ္ဂိုလ် လည်းကောင်း၊
၃... မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ် လည်းကောင်းတို့တည်း။

၁...
ရဟန်းတို့ နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စိတ်ပျံ့လွင့်၏၊ ကျူပင်ကဲ့သို့ အချည်းနှီး တက်ကြွ၏၊ လျှပ်ပေါ်၏၊ နှုတ်ကြမ်း၏၊ ပြန့်ကျဲသော စကားရှိ၏၊ သတိ လွတ်ကင်း၏၊ ဆင်ခြင်ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏၊ ပေါ်လွင် သော ဣနြေ္ဒရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှိုင်းရှည့်ရန် လွယ်ကူသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ နှိုင်းရှည့်ရန် ခက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စိတ်မပျံ့လွင့်၊ ကျူပင်ကဲ့သို့ အချည်းနှီး မတက်ကြွ၊ လျှပ်ပေါ်ခြင်း မရှိ၊ နှုတ်မကြမ်းတမ်း၊ ပြန့်ကျဲသော စကားမရှိ၊ ထင်သော သတိ ရှိ၏၊ ဆင်ခြင်ဉာဏ် ရှိ၏၊ တည်ကြည်၏၊ တည်ကြည် သောစိတ် ရှိ၏၊ စောင့်စည်းအပ်သော ဣနြေ္ဒရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှိုင်းရှည့် ရန် ခက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိလေသာတို့မှ ကင်းဝေး၏၊ အာသ ဝေါ ကုန်ပြီးဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မနှိုင်းရှည့်နိုင်သော ပုဂ္ဂိုလ်ဟု ဆိုအပ် ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ ဟု မိန့်တော် မူ၏။116

၃ - အပ္ပမေယျသုတ်၊ အာပါယိက၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။