နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 3, 2009

ပုဂ္ဂိုလ် လေးမျိုး...

၁...
'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ် ...

အကျဉ်းဟောပြကာ မျှဖြင့်
မဂ်ဖိုလ်ကို ရသော 'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား (အကျဉ်း) ထုတ်ဆောင် ဟောပြအပ်သောအခါနှင့် တစ်ပြိုင် နက် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အကျဉ်းဟောပြကာမျှဖြင့် မဂ်ဖိုလ်ကိုရသော 'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။
148

၂...
'ဝိပဉ္စိတညူ' ပုဂ္ဂိုလ် ...

အကျယ်ဟောပြကာ မျှဖြင့်
မဂ်ဖိုလ်ကို ရသော 'ဝိပဉ္စိတညူ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား အကျဉ်းအားဖြင့် ဟောအပ်ပြီးသော ဒေသနာ၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်အပ်သည်ရှိသော် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အကျယ် ဟောပြကာမျှဖြင့် မဂ်ဖိုလ်ကို ရသော 'ဝိပဉ္စိတညူ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။149

၃...
'နေယျ' ပုဂ္ဂိုလ်...

ဥဒ္ဒေသစသည်ဖြင့် ဆောင်ပြ၍
တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော 'နေယျ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား အကျဉ်း (ပါဠိ)အားဖြင့် လည်းကောင်း၊ အကျယ်(အဋ္ဌကထာ) အားဖြင့် လည်းကောင်း၊ သင့်လျော်လျောက် ပတ်စွာ နှလုံးသွင်းသောအားဖြင့် လည်းကောင်း၊ မိတ်ဆွေကောင်းတို့ကို မှီဝဲဆည်း ကပ်လျက် ချဉ်းကပ်သောအား ဖြင့် လည်းကောင်း ဤသို့ အစဉ်အတိုင်း (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို ဥဒ္ဒေသစသည် ဖြင့် ဆောင်ပြ၍တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော 'နေယျ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။150

၎...
'ပဒပရမ' ပုဂ္ဂိုလ်...

ပုဒ်ဗျည်းမျှသာ အတိုင်းအရှည်ရှိသော 'ပဒပရမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား အကြိမ်များစွာ နာကြားသော်လည်း အကြိမ်များစွာ ပြောဟော ရွတ်ဆိုသော်လည်း အကြိမ်များစွာ ဆောင်ပြသော်လည်း အကြိမ်များစွာ သရ ဇ္ဈာယ်သော်လည်း ထိုကိုယ်၏ အဖြစ်၌ (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်၊ ဤပုဂ္ဂိုလ်ကို ပုဒ် ဗျည်း အတိုင်းအရှည်ရှိသော 'ပဒပရမ'ပုဂ္ဂိုလ် ဟူ၍ ဆိုအပ်၏။151

၎ - စတုက္ကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။