နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 10, 2009

တန်ခိုးပြာဋိဟာ...

တန်ခိုးပြာဋိဟာ

တန်ခိုးပြာဋိဟာ

ကေဝဋ္ဋ တန်ခိုး ပြာဋိဟာ ဟူသည်ကား အဘယ်နည်း၊
ကေဝဋ္ဋ ဤ(သာသနာတော်) ၌ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက် လည်း တစ်ယောက်တည်းဖြစ်လာ၏၊ (ကိုယ်) ထင်ရှားဖြစ်စေ၏၊ (ကိုယ်) ပျောက် စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင် ၌ကဲ့သို့သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကျွံကျဘဲ မြေ၌ကဲ့သို့သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အ တောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုးအာနုဘော် ကြီးကုန်သော ဤ လနေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။

(ဤသို့) များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေသော ထိုရဟန်းကို သဒ္ဓါ တရားရှိ သော ကြည်ညိုသော လူတစ်ယောက်သည် တွေ့မြင်ရာ၏၊ တစ်ယောက် တည်းဖြစ် လျက်လည်း အများဖြစ်သွားသည်ကို လည်းကောင်း၊ ပ ။ ဗြဟ္မာ့ပြည် တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေသည်ကိုလည်းကောင်း တွေ့မြင်ရာ၏။

(ဤသို့ တွေ့မြင်ရသော်) သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူသည် သဒ္ဓါ တရား မရှိသော မကြည်ညိုသော လူတစ်ယောက်အား ထိုရဟန်းအကြောင်းကို (ဤသို့) ပြောကြားရာ၏ -

''အချင်း ရဟန်း၏ တန်ခိုးအာနုဘော် ကြီးသည်အဖြစ်သည် စင်စစ် အံ့ဖွယ်ရှိ ပါပေ၏၊ စင်စစ် မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အချင်းများပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေသော ဤမည်သော ရဟန်းကို ငါသည် တွေ့မြင်ရ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားသည်ကို လည်းကောင်း အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာသည်ကို လည်းကောင်း။ပ။ ဗြဟ္မာ့ပြည် တိုင်အောင် လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေသည်ကိုလည်းကောင်း တွေ့မြင်ရ၏'' ဟု ပြောကြားရာ၏။

(ဤသို့ ပြောကြားသော်) သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည် သဒ္ဓါ တရား ရှိသော ကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာ၏ -

''အချင်း ဂန္ဓာရီမည်သော အတတ်သည် ရှိ၏၊ ထို (ဂန္ဓာရီအတတ်)ဖြင့် ထိုရဟန်း သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ် လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏။ပ။ ဗြဟ္မာ့ ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ ၏'' ဟု ဆိုရာ၏။

ကေဝဋ္ဋ ထိုအရာကို အဘယ်သို့ ထင်သနည်း...
သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည် ...
သဒ္ဓါတရားရှိသော ကြည်ညိုသောထိုသူအား ဤသို့ဆိုရာသည် မဟုတ်လော။

''ဆိုရာပါ၏ အသျှင်ဘုရား''

ကေဝဋ္ဋ ...
ငါသည် တန်ခိုးပြာဋိဟာ၌ ဤအပြစ်ကို မြင်သောကြောင့်...
တန်ခိုးပြာဋိဟာကို ပြရန် ဝန်လေး၏၊ ရှက်၏၊ စက်ဆုပ်၏။
484

ကေဝဋ္ဋသူကြွယ်သားဝတ္ထု၊ ကေဝဋ္ဋသုတ်၊ သီလက္ခန္ဓ၀ဂ္ဂပါဠိတော်။ ဒီဃနိကာယ်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။