နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, April 5, 2009

အဇ္ဈာသယဓာတ်အားဖြင့် နှီးနှောကြညီညွတ်ကြကုန်၏...

ဓာတုသော သံသန္ဒနသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြား နာခဲ့ရပါသည်-

ရဟန်းတို့ သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့် နှီးနှောကြညီညွတ်ကြကုန်၏၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြ ကုန်၏၊

ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏။

ရဟန်းတို့ အတိတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ် အားဖြင့်သာ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ကောင်းသောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူး ကြကုန်၏။

ရဟန်းတို့ အနာဂတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ် အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ကောင်းသောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူး ကြကုန်၏။

ရဟန်းတို့ ယခု ပစ္စုပ္ပန်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ် အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်၏၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ကောင်းသောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူး ကြကုန်၏။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
''ရောနှောခြင်းကြောင့် ကိလေသာဖြစ်၏၊ မရောနှောခြင်းကြောင့် ကိလေသာ ပျက်စီး၏၊ သေးငယ်သော သစ်သား ဖောင်ကို တက်စီး၍ မဟာသမုဒ္ဒရာ၌ နစ်မြုပ် ရသကဲ့သို့ ဤအတူ ပျင်းရိသူကို အကြောင်းပြု၍ ကောင်းသော အသက် မွေးခြင်း ရှိသော သူသည်လည်း သံသရာ၌ နစ်မြုပ်ရ၏၊

ထို့ကြောင့် ယုတ်လျော့သော ဝီရိယရှိသော ထိုပျင်းရိသူကို ရှောင်ကြဉ်ရာ၏။
ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကြသူ သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ အမြဲထက်သန်သော လုံ့လရှိကြသူ အရိယာ ပညာရှိတို့နှင့် အတူတကွ နေထိုင်မှီဝဲရာ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။78

၉ - ဓာတုသော သံသန္ဒနသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။