နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 6, 2009

ပေးလှူခြင်း...

သန္ထာရဝဂ်-၁

ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုးတို့နည်းဟူမူ-

၁။ ဧည့်သည် အာဂန္တုတို့အား ...
ပစ္စည်းကို ပေးလှူခြင်း 'အာမိသာတိထေယျ' လည်းကောင်း၊
၂။ ဧည့်သည် အာဂန္တုတို့အား ...
တရားကို ပေးလှူခြင်း 'ဓမ္မာတိထေယျ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ဤပေးလှူခြင်း နှစ်မျိုးတို့တွင် အကြင် တရား ကို ပေးလှူခြင်းသည် ရှိ၏၊ ထိုတရားကို ပေးလှူခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ 158-7

သန္ထာရဝဂ်-၁၅၈၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။