နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 6, 2009

ပြန့်ပြောခြင်း...

သန္ထာရဝဂ်-၁၆၃

ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်း၏ ပြန့်ပြောခြင်း 'အာမိသဝေပုလ္လ' လည်းကောင်း၊
၂။ တရား၏ ပြန့်ပြောခြင်း 'ဓမ္မဝေပုလ္လ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤပြန့်ပြောခြင်း နှစ်မျိုးတို့တွင် အကြင်တရား၏ ပြန့်ပြောခြင်းသည် ရှိ၏၊ ထိုတရား၏ ပြန့်ပြောခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၁၂)

သန္ထာရဝဂ်-၁၆၃၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။