နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 13, 2009

တူးဖြိုသည်၊ နာကျင်သည်၊ ထိခိုက်သည် ...

ခတသုတ် - (တူးဖြိုသည်၊ နာကျင်သည်၊ ထိခိုက်သည်)

ရဟန်းတို့ ...
တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါး စေ၏။

အဘယ် သုံးမျိုး တို့နည်းဟူမူ-
၁... ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း၊
၂... နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် လည်းကောင်း၊
၃... စိတ်ဖြင့် ပြုအပ်သော မကောင်း သော အကျင့် လည်းကောင်း တို့တည်း။

ရဟန်းတို့ ...
ဤတရား သုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ။ပ။ မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

ရဟန်းတို့ ...
တရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူ လည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကို လည်း ဖြစ်ပွါးစေ၏။

အဘယ် သုံးမျိုးတို့နည်း ဟူမူ-
၁... ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်း၊
၂... နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် လည်းကောင်း၊
၃... စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် လည်းကောင်း တို့တည်း။

ရဟန်းတို့ ...
တရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူ လည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကို လည်း ဖြစ်ပွါးစေ၏ ဟု (မိန့်တော်မူ၏)။9

၉ - ခတသုတ်၊ ဗာလ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။