နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 9, 2009

အရောင်မထွက် မတောက်ပ မတင့်တယ်ကြကုန်...




ဥပက္ကိလေသသုတ် - (ညစ်ညူးပူပန်ခြင်း)

ရဟန်းတို့ လ နေတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပေတည်း၊
ယင်းညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက် ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

အဘယ် လေးမျိုး တို့နည်း ဟူမူ-

၁...
တိမ်တိုက်တို့သည် လ နေတို့၏ ညစ်နွမ်းကြောင်းတို့တည်း၊ ယင်း ညစ်နွမ်းကြောင်း ဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

၂...
ဆီးနှင်းသည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့် တယ်ကုန်။

၃...
အခိုးနှင့် မြူသည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်း ကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့် တယ်ကုန်။

၎...
ရာဟုအသုရိန်သည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်း ဖြင့် ညစ်နွမ်း ကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်၊

ရဟန်းတို့...
နေတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပင်တည်း၊
ယင်းညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက် ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။


ရဟန်းတို့ ဤအတူသာလျှင် ...
သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့တည်း။

ယင်း ညစ်နွမ်းကြောင်း တို့ဖြင့် ညစ်နွမ်း ကုန်သော သမဏဗြာဟ္မဏ တို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

အဘယ် လေးမျိုး တို့နည်း ဟူမူ-

၁...
ရဟန်းတို့ ...
သေရည်သေရက်ကို သောက်ကုန်လျက် သေအရက်ကို သောက်ခြင်းမှ မရှောင် ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ (သေအရက်ကိုသောက်ခြင်း)သည် သမဏဗြာဟ္မဏတို့၏ ပဌမ ညစ်နွမ်းကြောင်း တည်း၊ ယင်း ညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော သမဏဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

၂...
ရဟန်းတို့ ...
မေထုန်အကျင့်ကို မှီဝဲကုန်လျက် မေထုန်အကျင့်မှ မရှောင်ကြဉ်ကုန်သော အချို့ သော သမဏဗြာဟ္မဏ တို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(မေထုန်မှီဝဲခြင်း) သည် သမဏဗြာဟ္မဏတို့၏ ဒုတိယ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

၃...
ရဟန်းတို့ ...
ရွှေငွေကို သာယာကုန်လျက် ရွှေငွေကို ခံယူခြင်းမှ မရှောင်ကြဉ်ကုန်သော အချို့ သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(ရွှေ ငွေကို ကိုင်ခံသာ ယာခြင်း)သည် သမဏဗြာဟ္မဏတို့၏ တတိယညစ်နွမ်းကြောင်းတည်း၊ ယင်း ညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

၎...
ရဟန်းတို့ ...
မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကုန်လျက် မှားသော အသက်မွေးခြင်း မှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်း တို့ ဤ(မှားသော အသက်မွေးခြင်း)သည် သမဏဗြာဟ္မဏတို့၏ စတုတ္ထညစ်နွမ်း ကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပင် တည်း။ ယင်း ညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန် ဟု (မိန့်တော်မူ၏)။

တပ်မက်ခြင်း 'ရာဂ' ပြစ်မှားခြင်း 'ဒေါသ'တို့ဖြင့် ညစ်နွမ်းကုန်လျက် အဝိဇ္ဇာပိတ်ဆို့ ခံရကုန်သည်ဖြစ်၍ ချစ်ဖွယ် သဘောကို နှစ်သက် တတ်ကုန်သော အချို့သော သမဏ ဗြာဟ္မဏ ပုဂ္ဂိုလ်တို့သည် သေအရက်ကို သောက်ကုန်၏၊ မေထုန်ကို မှီဝဲကုန်၏၊ အချို့သော သမဏဗြာဟ္မဏ တို့သည် ပညာမရှိ ကုန်သည်ဖြစ်၍ ရွှေ ငွေကို ခံယူကုန်၏၊ မှားသော အသက်မွေးခြင်းဖြင့် အသက်မွေး ကုန်၏၊ အကြင် ညစ်နွမ်းကြောင်းတို့ကြောင့် အချို့သော သမဏဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မစင်ကြယ်ကုန်၊ မြူနှင့်တကွ ဖြစ်ကုန်၏၊ တော သမင်နှင့် တူကုန်၏၊ ထို ညစ်နွမ်းကြောင်းတို့ကို နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်၏။

အမိုက်တိုက်ဖြင့် မြှေးယှက် အပ်ကုန်လျက် တဏှာ၏ ကျွန်ဖြစ်ကုန်သော တဏှာ ကြိုးရှိသူတို့သည် ကြမ်းတမ်းသော အတ္တဘောကို တိုးပွါးစေကုန်လျက် တစ်ဖန် ဘဝသစ်ကို ယူကြရကုန်သတည်း။50

၁ဝ - ဥပက္ကိလေသသုတ်၊ ရောဟိတဿဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။