နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, February 5, 2009

ဝုဍ္ဎပဗ္ဗဇိတသုတ်- (ကြီးမှရဟန်းပြုသူ = တောထွက်ရဟန်း)

ပထမ ဝုဍ္ဎပဗ္ဗဇိတသုတ်- (ကြီးမှရဟန်းပြုသူ = တောထွက်ရဟန်း)

ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက် ရဟန်းကို ရခဲ၏။

အဘယ် တရား ငါးမျိုး တို့နည်း ဟူမူ -

၁။ ရဟန်းတို့ သိမ်မွေ့သော တောထွက်ရဟန်းကို ရခဲ၏။
၂။ ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
၃။ အကြားအမြင်ဗဟုသုတနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
၎။ တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
၅။ ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းတို့ ဤတရား ငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏ ဟု (မိန့်တော်မူ၏)။


ဒုတိယ ဝုဍ္ဎပဗ္ဗဇိတသုတ်- (ကြီးမှရဟန်းပြုသူ = တောထွက်ရဟန်း)

ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက် ရဟန်းကို ရခဲ၏။

အဘယ် တရား ငါးမျိုး တို့နည်း ဟူမူ -

၁။ ရဟန်းတို့ ဆိုဆုံးမလွယ်သော တောထွက်ရဟန်းကို ရခဲ၏။
၂။ ကောင်းသော အယူကို ယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
၃။ ဆုံးမစကားကို အမြတ်တနိုး ခံယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
၎။ တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
၅။ ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းတို့ ဤတရား ငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏ ဟု (မိန့်တော်မူ၏)။

၉-၁၀- ဝုဍ္ဎပဗ္ဗဇိတသုတ်၊ နီဝရဏ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု၊ သာဓု၊ သာဓု။...