နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, February 22, 2009

ဂဏ္ဍသုတ်- (အိုင်းအမာ-အနာ-အဖု)

ဂဏ္ဍသုတ်- (အိုင်းအမာ-အနာ-အဖု)

ရဟန်းတို့ ဥပမာသော်ကား နှစ်အရေအတွက် များစွာ ကြာမြင့်သော အိုင်းအမာ 'အနာ' သည် (ရှိရာ၏)၊ ထိုအိုင်းအမာအား မည်သူကမျှ ဖောက်ခွဲ၍ ပြုရသည် မဟုတ်ကုန်သော အပေါက်ဝကိုးခု ဟူသော အနာဝ ကိုးပေါက်တို့သည် ရှိကုန် ရာ၏၊ ထိုအနာဝ ကိုးပေါက်တို့မှ တစ်စုံတစ်ရာ ယိုကျပါမူ မစင်ကြယ်သော အရာ သာ ယိုကျရာ၏၊ မကောင်းသော အနံ့သာ ယိုကျရာ၏၊ စက်ဆုပ်ဖွယ်သော အရာ သာ ယိုကျရာ၏၊ တစ်စုံတစ်ရာ ပွါးစီးပါမူ မစင်ကြယ်သော အရာသာ ပွါးစီးရာ၏၊ မကောင်းသော အနံ့သာ ပွါးစီးရာ၏၊ စက်ဆုပ်ဖွယ်သော အရာသာ ပွါးစီးရာ၏။

ရဟန်းတို့ ''အိုင်းအမာ'' ဟူသော ဤအမည်သည် မိဘတို့၏ သုက်သွေးကြောင့် ဖြစ်သော၊ ထမင်း မုန့်တို့ဖြင့် ကြီးပွါးစေအပ်သော၊ မမြဲခြင်း သဘော နံ့သာပျောင်း တို့ဖြင့် ပွတ်သပ်ပေးရခြင်းသဘော၊ ဆုပ်နယ်ပေးရခြင်းသဘော၊ ပြိုကွဲပျက်စီးခြင်း သဘောရှိသော၊ မဟာဘုတ်လေးပါးတို့ဖြင့် ပြီးသော ဤခန္ဓာကိုယ်၏ အမည် တည်း။

ထိုခန္ဓာကိုယ် အိုင်းအမာအား မည်သူကမျှ ဖောက်ခွဲ၍ ပြုရသည် မဟုတ်ကုန်သော အပေါက်ဝကိုးခု ဟူသော အနာဝ ကိုးပေါက်တို့သည် ရှိကုန်ရာ၏၊ ထိုအနာဝ ကိုးပေါက်တို့မှ တစ်စုံတစ်ရာ ယိုကျပါမူ မစင်ကြယ်သော အရာသာ ယိုကျရာ၏၊ မကောင်းသော အနံ့သာ ယိုကျရာ၏၊ စက်ဆုပ်ဖွယ်သော အရာသာ ယိုကျရာ၏၊ တစ်စုံတစ်ရာ ပွါးစီးပါမူ မစင်ကြယ်သော အရာသာ ပွါးစီးရာ၏၊ မကောင်းသော အနံ့သာ ပွါးစီးရာ၏၊ စက်ဆုပ်ဖွယ်သော အရာသာ ပွါးစီးရာ၏။

ရဟန်းတို့ ထို့ကြောင့် ဤ(ခန္ဓာ)ကိုယ်၌ ငြီးငွေ့ကြကုန်လော့ဟု (မိန့်တော်မူ၏)။

၅ - ဂဏ္ဍသုတ်၊ သဟနာဒ၀ဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။