နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 28, 2009

အဂတိတရား မလိုက်စားမှု...

ဒုတိယ အဂတိဂမနသုတ် (မလုပ်အပ်သည်ကို လုပ်ခြင်း)

ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ...

၁... ချစ်ခြင်းကြောင့် အဂတိ မလိုက်စား၊
၂... မုန်းခြင်းကြောင့် အဂတိ မလိုက်စား၊
၃... မသိခြင်းကြောင့် အဂတိ မလိုက်စား၊
၎... ကြောက်ရွံ့ခြင်းကြောင့် အဂတိ မလိုက်စား။
ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုး တို့တည်း ဟု (မိန့်တော်မူ၏)။

အကြင်သူသည် ချစ်ခြင်းကြောင့် လည်းကောင်း၊
မုန်းခြင်းကြောင့် လည်းကောင်း၊
ကြောက်ရွံ့ခြင်းကြောင့် လည်းကောင်း၊
မသိခြင်းကြောင့် လည်းကောင်း တရားကို ကျော်လွန်၍ မကျင့်၊

ထိုသူ၏ ...
အခြံအရံ အကျော်အစောသည် လဆန်းပက္ခ၌ လကဲ့သို့ ပြည့်ဝလေ သတည်း။

၈ - ဒုတိယ အဂတိဂမနသုတ်၊ စရ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။