နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 24, 2009

အဘိနန္ဒနသုတ်- (အလွန်နှစ်သက်ခြင်း)

အဘိနန္ဒနသုတ်- (အလွန်နှစ်သက်ခြင်း)

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ ရုပ်ကို နှစ်သက်သော သူသည် ဆင်းရဲကို နှစ်သက်သည် မည်၏။
ဆင်းရဲကို နှစ်သက်သော သူသည် ''ဆင်းရဲမှ မလွတ်သေး'' ဟူ၍ (ငါ) ဆို၏။
ဝေဒနာကို နှစ်သက်သော သူသည်။ ပ ။
သညာကို နှစ်သက်သော သူသည်။ ပ ။
သင်္ခါရတို့ကို နှစ်သက်သော သူသည်။ ပ ။
ဝိညာဏ်ကို နှစ်သက်သော သူသည် ဆင်းရဲကို နှစ်သက်သည် မည်၏။
ဆင်းရဲကို နှစ်သက်သော သူသည် ''ဆင်းရဲမှ မလွတ်သေး'' ဟူ၍ (ငါ) ဆို၏။

ရဟန်းတို့ ရုပ်ကို မနှစ်သက်သော သူသည် ဆင်းရဲကို မနှစ်သက်။
ဆင်းရဲကို မနှစ်သက်သော သူသည် ''ဆင်းရဲမှ လွတ်၏'' ဟူ၍ (ငါ) ဆို၏။
ဝေဒနာကို မနှစ်သက်သော သူသည်။ ပ ။
သညာကို မနှစ်သက်သော သူသည်။ ပ ။
သင်္ခါရတို့ကို မနှစ်သက်သော သူသည်။ ပ ။
ဝိညာဏ်ကို မနှစ်သက်သော သူသည် ဆင်းရဲကို မနှစ်သက်။
ဆင်းရဲကို မနှစ်သက်သော သူသည် ''ဆင်းရဲမှ လွတ်၏'' ဟု (ငါ) ဆို၏ ဟု
(မိန့်တော်မူ၏)။

၈ - အဘိနန္ဒနသုတ်၊ ဘာရ၀ဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။