နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, February 5, 2009

စတုက္ကဥဒ္ဒေသ-မှ (ဉာဏ်ဖြင့် မသက်ဝင်မူ၍)

စတုက္ကဥဒ္ဒေသ - မှ

၁...မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ ...
မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊
၂...မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ ...
ချီးမွမ်း ထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊
၃...မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ ...
မကြည်ညိုထိုက်သော အရာ၌ ကြည်ညိုခြင်းကို ပြတတ် သော အချို့သောပုဂ္ဂိုလ်၊
၎...မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ ...
ကြည်ညိုထိုက် သော အရာ၌ မကြည်ညိုခြင်းကို ပြတတ်သော အချို့သောပုဂ္ဂိုလ်။

၁...ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ ...
မချီးမွမ်းထိုက်သော သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ဆိုတတ်သော အချို့သော ပုဂ္ဂိုလ်၊
၂...ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ ...
ချီးမွမ်းထိုက်သော သူ၏ ဂုဏ်ကျေးဇူးကို ဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊
၃...ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ ...
မကြည်ညိုထိုက်သောအရာ၌ မကြည်ညိုခြင်းကို ပြတတ်သော အချို့သောပုဂ္ဂိုလ်၊
၎...ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ ...
ကြည်ညိုထိုက်သော အရာ၌ ကြည်ညိုခြင်းကို ပြတတ်သော အချို့သောပုဂ္ဂိုလ်။

၁...မချီးမွမ်းထိုက်သော သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ...
အဟုတ်အမှန် လျောက်ပတ်သောအခါ၌ ပြောဆိုတတ်သည်ဖြစ်၍ ချီးမွမ်းထိုက် သောသူ၏ ဂုဏ်ကျေးဇူးကို အဟုတ်အမှန် လျောက်ပတ်သော အခါ၌ မပြောဆို တတ်သော အချို့သောပုဂ္ဂိုလ်၊
၂...ချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးကို ...
အဟုတ်အမှန် လျောက်ပတ်သောအခါ၌ ပြောဆိုတတ်သည်ဖြစ်၍ မချီးမွမ်းထိုက် သောသူ၏ ဂုဏ်ကျေးဇူးမဲ့ကို အဟုတ်အမှန် လျောက်ပတ်သောအခါ၌ မပြောဆို တတ်သော အချို့သောပုဂ္ဂိုလ်၊
၃...မချီးမွမ်းထိုက်သောသူ၏ ဂုဏ် ကျေးဇူးမဲ့ကို ...
အဟုတ်အမှန် လျောက်ပတ်သောအခါ၌ ပြောဆိုတတ်သည်ဖြစ်၍ ချီးမွမ်းထိုက် သောသူ၏ ဂုဏ်ကျေးဇူးကိုလည်း အဟုတ်အမှန် လျောက်ပတ်သောအခါ၌ ပြော ဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊
၎...မချီးမွမ်းထိုက်သော သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ...
အဟုတ်အမှန် လျောက်ပတ်သောအခါ၌ မပြောဆိုတတ်သည်ဖြစ်၍ ချီးမွမ်းထိုက် သောသူ၏ ဂုဏ်ကျေးဇူးကိုလည်း အဟုတ်အမှန် လျောက်ပတ်သောအခါ၌ မပြော ဆိုတတ်သော အချို့သောပုဂ္ဂိုလ်။

၎ - စတုက္ကဥဒ္ဒေသ-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။