နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 28, 2009

ဣစ္ဆာသုတ် -(အလိုယှိခြင်း-တောင့်တခြင်း)

ဣစ္ဆာသုတ် -(အလိုယှိခြင်း-တောင့်တခြင်း)

အသျှင်သာရိပုတြာသည် ...
ရဟန်းတို့အား ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊

''ငါ့သျှင်'' ဟု ထိုရဟန်းတို့သည် ...
အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။

အသျှင်သာရိပုတြာသည် ဤစကားကို မိန့်တော်မူ၏...
ငါ့သျှင်တို့ လောက၌ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် ထင်ရှားရှိကုန်၏၊

အဘယ်ရှစ်မျိုးတို့နည်းဟူမူ...

၁...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော(ယောဂီ) ရဟန်းအား(ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည်(ပစ္စည်းလေးပါး) လာဘ်ရခြင်း ငှါ အားထုတ်၏၊ စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါအားထုတ် စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအားလာဘ်ရခြင်းသည်မဖြစ်။ ထိုရဟန်းသည် ထိုလာဘ် မရခြင်းကြောင့် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်တီးလက်ခတ် မြည်တမ်းရ ၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်ရ၏၊
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ် သူ၊ စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်ရခြင်းလည်း မရှိသူ၊ စိုးရိမ်လည်း စိုးရိမ်ရသူ၊ ငိုကြွေးလည်း ငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူဟု ဆို အပ်၏။

၂...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေး ပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ် ရခြင်းငှါ အားထုတ်၏၊ စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ် စေ့ ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ထို(ပစ္စည်းလေးပါး) လာဘ်ရခြင်းကြောင့် ယစ်မူး၏၊ အလွန်ယစ်မူး၏၊ မေ့လျော့ ခြင်းသို့ရောက်၏။
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ် သူ၊ စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်လည်းရသူ၊ ယစ်မူးလည်းယစ်မူးသူ၊ မေ့ လျော့လည်းမေ့လျော့သူ၊ သူတော်ကောင်း တရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။

၃...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ)ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရ ခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်၊ ထိုရဟန်းသည် ထိုလာဘ် မရခြင်းကြောင့် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်တီး လက်ခတ် မြည်တမ်းရ၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်ရ၏၊
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမ ထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်း မရသူ၊ စိုးရိမ်လည်း စိုးရိမ် ရသူ၊ ငိုကြွေးလည်း ငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူ ဟု ဆိုအပ်၏။

၎...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေး ပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည်(ပစ္စည်းလေးပါး) လာဘ်ရ ခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏။ ထိုရဟန်းသည်
ထိုလာဘ်ရခြင်းကြောင့် ယစ်မူး၏၊ အလွန်ယစ်မူး၏၊ မေ့လျော့ခြင်းသို့ ရောက်၏။
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမ ထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်းရသူ၊ ယစ်မူးလည်း ယစ်မူး သူ၊ မေ့လျော့လည်း မေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူ ဟု ဆိုအပ်၏။

၅...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ)မဆက်စပ်မူ၍ နေသော (ယောဂီ)ရဟန်းအား (ပစ္စည်းလေးပါး)
လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရ ခြင်းငှါ အားထုတ်၏၊ စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်၊ ထိုရဟန်းသည် ထို လာဘ်ကို မရခြင်းကြောင့် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်တီးလက်ခတ် မမြည် တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ် သူ၊ စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်ကိုလည်း မရသူ၊ စိုးရိမ်လည်း မစိုးရိမ်ရသူ၊ ငိုကြွေးလည်း မငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။

၆...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ)ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရ ခြင်းငှါ အားထုတ်၏၊ စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ထိုလာဘ် ရခြင်းကြောင့် မယစ်မူး၊ အလွန်မယစ်မူး၊ မေ့လျော့ခြင်းသို့ မရောက်။
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ် သူ၊ စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်လည်းရသူ၊ ယစ်မူးလည်း မယစ်မူးသူ၊ မေ့လျော့လည်း မမေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရသူ ဟု ဆိုအပ်၏။

၇...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍နေသော (ယောဂီ)ရဟန်းအား (ပစ္စည်းလေးပါး)
လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရ ခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်၊ ထိုရဟန်းသည် ထိုလာဘ်မရခြင်းကြောင့် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်တီး လက်ခတ် မမြည် တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမ ထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်း မရသူ၊ စိုးရိမ်လည်း မစိုးရိမ် ရသူ၊ ငိုကြွေးလည်း မငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျော ရသူဟု ဆိုအပ်၏။

၈...
ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ)မဆက်စပ်မူ၍ နေသော(ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလို ဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရ ခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ထိုလာဘ်ရခြင်းကြောင့် မယစ်မူး၊ အလွန်မယစ်မူး၊ မေ့လျော့ခြင်းသို့ မရောက်။
ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမ ထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်းရသူ၊ ယစ်မူးလည်း မယစ်မူး သူ၊ မေ့လျော့လည်း မမေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရ သူ ဟု ဆိုအပ်၏။ ငါ့သျှင်တို့ လောက၌ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် ထင်ရှား ရှိကုန်၏ ဟု (မိန့်ဆို၏)။

၇ - ဣစ္ဆာသုတ်၊ ယမက၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။