နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 7, 2009

အဋ္ဌင်္ဂိကသုတ်- တူရာတူရာ စုတတ်သည်

အဋ္ဌင်္ဂိကသုတ်

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏...
ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

မှားယွင်းသော အယူရှိသော သူတို့သည်...
မှားယွင်းသော အယူရှိသော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

မှားယွင်းသော အကြံရှိသော သူတို့သည်... ပ ...
မှားယွင်းသော စကားရှိသော သူတို့သည်... ပ ...
မှားယွင်းသော အလုပ်ရှိသော သူတို့သည်... ပ ...
မှားယွင်းသော အသက်မွေးမှုရှိသော သူတို့သည်... ပ ...
မှားယွင်းသော အားထုတ်မှုရှိသော သူတို့သည်... ပ ...
မှားယွင်းသော အောက်မေ့မှုရှိသော သူတို့သည်... ပ ...

မှားယွင်းသော တည်ကြည်မှုရှိသော သူတို့သည်...
မှားယွင်းသော တည်ကြည်မှုရှိသော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

မှန်ကန်သော အယူရှိသော သူတို့သည် မှန်ကန်သော အယူရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မှန်ကန်သော အကြံရှိသော သူတို့ သည်။ပ။ မှန်ကန်သော စကားရှိသော သူတို့သည်။ မှန်ကန်သော အလုပ်ရှိသော သူတို့သည်။ မှန်ကန်သော အသက်မွေးမှုရှိသော သူတို့သည်။ မှန်ကန်သော အားထုတ်မှုရှိသော သူတို့သည်။ မှန်ကန်သော အောက်မေ့မှုရှိသော သူတို့သည်။ မှန်ကန်သော တည်ကြည်မှုရှိသော သူတို့သည် မှန်ကန်သော တည်ကြည်မှု ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ ဟု (ဟော တော်မူ၏)။

၆ - အဋ္ဌင်္ဂိကသုတ်၊ ကမ္မပထ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။