နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, February 15, 2009

ဒေဝဒတ္တသုတ်...

ဒေဝဒတ္တသုတ် ...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ ဒေဝဒတ် (ဝေဠုဝန်ကျောင်းတော်မှ ဂယာသီသသို့) ထွက်ခွာသွား၍ မကြာမြင့်မီ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံ အချိန်၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏...

၂ - ဒေဝဒတ္တသုတ်၊ ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။