နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 11, 2009

ကိန္နရာတို့... လူစကားကို မပြောဆိုသည်ကား...

ရဟန်းတို့ အကျိုးထူး နှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက်
ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန်၊

အဘယ် နှစ်မျိုး တို့နည်း ဟူမူ-

၁...
မဟုတ်မမှန်သော စကားကို ငါတို့ မပြောမဆို မိကြပါစေကုန်လင့်၊
၂...
သူတစ်ပါးကိုလည်း မဟုတ်မမှန်သော စကားဖြင့်
ငါတို့ မစွပ်စွဲမိကြပါစေ ကုန်လင့် ဟူသည်တို့တည်း။

ရဟန်းတို့ အကျိုးထူး နှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက်
ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန် ဟု (မိန့်တော်မူ၏)။

၆၁- ပုဂ္ဂလ၀ဂ်-မှ၊ ဒုကနိပါတ်၊ ဒုတိယပဏ္ဏာသက၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။