နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, February 26, 2009

ပုဏ္ဏိယသုတ်- တရားတော် မထင်လာခြင်း...

ပုဏ္ဏိယသုတ်

ထိုအခါ အသျှင်ပုဏ္ဏိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးနောက် မြတ်စွာဘုရားအား -

အသျှင်ဘုရား ''မြတ်စွာဘုရား၏ တရားဒေသနာတော်သည် တစ်ခါတစ်ရံ ထင်လာ ပါ၏၊ တစ်ခါတစ်ရံ မထင်လာပါ၊ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ ကား အဘယ်ပါနည်း'' ဟု လျှောက်၏။

ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားရှိ၏၊
မြတ်စွာဘုရားသို့ကား မချဉ်းကပ်တတ်၊
(ဤသို့ဖြစ်လျှင်) မြတ်စွာဘုရား၏ တရား ဒေသနာသည် မထင်လာ။

ပုဏ္ဏိယ အကြင်အခါ၌ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊
ချဉ်းကပ်လည်း ချဉ်းကပ်၏၊
ဤသို့သော အခါ၌ မြတ်စွာဘုရား၏ တရားဒေသနာသည် ထင်လာ၏။

ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊
ချဉ်းကပ်လည်း ချဉ်းကပ်၏၊
ဆည်းကပ်ကား မဆည်းကပ်။ ပ ။

ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊
ချဉ်းကပ်လည်း ချဉ်းကပ်၏၊
ဆည်းကပ်လည်း ဆည်းကပ်၏၊
မေးကား မမေး။ ပ ။

ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊
ချဉ်းကပ်လည်း ချဉ်းကပ်၏၊
ဆည်းကပ်လည်း ဆည်းကပ်၏၊
မေးလည်း မေး၏၊
နားစိုက်၍ကား တရားကိုမနာ။ ပ ။

ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊
ချဉ်းကပ်လည်း ချဉ်းကပ်၏၊
ဆည်းကပ်လည်း ဆည်းကပ်၏၊
မေးလည်း မေး၏၊
နားစိုက်၍လည်း တရားကိုနာ၏၊
နာပြီး၍ကား တရားကို မဆောင်။ ပ ။

ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊
ချဉ်းကပ်လည်း ချဉ်းကပ်၏၊
ဆည်းကပ်လည်း ဆည်းကပ်၏၊
မေးလည်း မေး၏၊
နားစိုက်၍လည်း တရားကိုနာ၏၊
နာပြီး၍လည်း တရားကိုဆောင်၏၊
ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုကား မဆင်ခြင်။ ပ ။

ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊
ချဉ်းကပ်လည်း ချဉ်းကပ်၏၊
ဆည်းကပ်လည်း ဆည်းကပ်၏၊
မေးလည်း မေး၏၊
နားစိုက်၍လည်း တရားကိုနာ၏၊
နာပြီး၍လည်း တရားကိုဆောင်၏၊
ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုလည်း ဆင်ခြင်၏၊
အနက်ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကိုကား မကျင့်၊ ဤသို့ဖြစ်လျှင် မြတ်စွာဘုရား၏ တရား ဒေသနာတော်သည် မထင်လာသည် သာတည်း။

ပုဏ္ဏိယ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိ၏၊ ချဉ်းကပ်လည်း ချဉ်းကပ် ၏၊ ဆည်းကပ်လည်း ဆည်းကပ်၏၊ မေးလည်း မေး၏၊ နားစိုက်၍လည်း တရားကို နာ၏၊ နာပြီး၍လည်း တရားကိုဆောင်၏၊ ဆောင်အပ်ပြီးသော တရားတို့၏ အနက် ကိုလည်း ဆင်ခြင်၏၊ အနက်ပါဠိကိုသိ၍ တရားအားလျော်သော အကျင့်ကိုလည်း ကျင့်၏၊ (ဤသို့ဖြစ်လျှင်) မြတ်စွာဘုရား၏ တရားဒေသနာတော်သည် ထင်လာ၏။

ပုဏ္ဏိယ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသူအား မြတ်စွာဘုရား၏ တရားဒေသနာ တော်သည် စင်စစ် ထင်လာ၏ ဟု (မိန့်တော်မူ၏)။

၂ - ပုဏ္ဏိယသုတ်၊ သတိဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။