နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, February 13, 2009

ဘဇိတဗ္ဗာဒိသုတ်-

ဘဇိတဗ္ဗာဒိသုတ်-

ရဟန်းတို့...
တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို...

ဆည်းကပ်အပ်၏။
ချဉ်းကပ်အပ်၏။
ပူဇော်အပ်၏။
ချီးမွမ်းသင့်၏။
ရိုသေထိုက်၏။
ပျပ်ဝပ်ထိုက်၏။
နှစ်သိမ့်စေတတ်၏။
စင်ကြယ်၏။
မြတ်နိုးသည်ဖြစ်၍ ခံစားအပ်၏။
ပညာဖြင့် တိုးပွါး၏။
များစွာသော ကောင်းမှုသည် တိုးပွါး၏။

အဘယ် ဆယ်မျိုးတို့နည်း ဟူမူ...
မှန်ကန်သော အမြင်ရှိသူ၊ မှန်ကန်သော အကြံအစည် ရှိသူ၊ မှန်ကန်သော စကားရှိသူ၊ မှန်ကန်သော အလုပ်ရှိသူ၊ မှန်ကန်သော အသက်မွေးမှုရှိသူ၊ မှန်ကန်သော လုံ့လရှိသူ၊ မှန်ကန်သော သတိရှိသူ၊ မှန်ကန်သော သမာဓိရှိသူ၊ မှန်ကန်သောဉာဏ်ရှိသူ၊ မှန်ကန်သော လွတ်မြောက်မှု ရှိသူတို့တည်း။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် များစွာသော ကောင်းမှုကို တိုးပွါးစေ၏ဟု (မိန့်တော်မူ၏)။

၂ – ၁၂ - ဘဇိတဗ္ဗာဒိသုတ်-မှ၊ ပုဂ္ဂလ၀ဂ်၊ ဒဿကနိပါတ်၊ အဂုင်္တ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။