နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 4, 2009

ဇဋိလသုတ်- (ဆံကျစ်ထုံးသော ရသေ့)

ဇဋိလသုတ်- (ဆံကျစ်ထုံးသော ရသေ့)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာမြို့ဂယာသီသတောင်၌ သီတင်းသုံးနေ တော်မူ၏။ ထိုအခါ များစွာသော ရသေ့တို့သည် ချမ်းအေးကုန်သော ဆောင်းဥတု ညဥ့်အခါတွင် (တပို့တွဲ တပေါင်းလတို့၏) အကြား ရှစ်ညဥ့်တို့ဝယ် ဆီးနှင်းကျရာ အခါ၌ ''ဤအကျင့်ဖြင့် စင်ကြယ်၏'' ဟု ...

ဂယာရေချိုးဆိပ်၌ ...
ငုပ်လည်း ငုပ်ကြကုန်၏။
ပေါ်လည်း ပေါ်ကြကုန်၏။
ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကြကုန်၏။
(ရေဖြင့်) ခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်းကြကုန်၏။
မီးကိုလည်း ပူဇော်ကြကုန်၏။
မြတ်စွာဘုရားသည် ချမ်းအေးသော ဆောင်းဥတု ညဥ့်အခါတွင် (တပို့တွဲ တပေါင်း လတို့၏)အကြား ရှစ်ညဥ့်တို့ဝယ် ဆီးနှင်းကျရာအခါ၌ ''ဤအကျင့်ဖြင့် စင်ကြယ် ၏'' ဟု ဂယာဆိပ်၌ ငုပ်လည်းငုပ် ပေါ်လည်း ပေါ်ကြကုန်သော ငုပ်ခြင်း ပေါ်ခြင်း ကိုလည်း ပြုကြကုန်သော ရေဖြင့်လည်းခပ်၍ (မိမိကိုယ်ကို) လည်း သွန်းလောင်း ကြကုန်သော မီးကိုလည်း ပူဇော်ကြကုန်သော ထိုများစွာသော ရသေ့တို့ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည်
ဤအနက်သဘောကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ဤဂယာမြစ်ဆိပ်၌ များစွာသော လူအပေါင်းသည် ရေချိုး၏။ ရေကြောင့် စင်ကြယ်ခြင်းကား မဖြစ်နိုင်၊ အကြင်ပုဂ္ဂိုလ်၌ သစ္စာသည် လည်းကောင်း မဂ်ဖိုလ် တရားသည် လည်းကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်သည် စင်ကြယ်၏။ ထိုပုဂ္ဂိုလ် သည်သာ ဗြာဟ္မဏ (ရဟန္တာ) မည်၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

၉ - ဇဋိလသုတ်၊ ဗောဓိဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု၊ သာဓု၊ သာဓု။...