နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 24, 2009

ဥဋ္ဌာနသုတ်- (ထကြွလုံ့လရှိခြင်း)

ဥဋ္ဌာနသုတ်- (ထကြွလုံ့လရှိခြင်း)

ရဟန်းတို့ အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်း အားထုတ်ရန် ထိုင်နေကြကုန် လော့၊ သင်တို့အား အိပ်သဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ကိလေသာနှိပ်စက် အခံခက်၍ နေကြကုန်သော ရာဂမြား စူးဝင်ကုန်သည်ဖြစ်၍ ဖောက်ပြန်ကုန်သော သင်တို့အား အိပ်ခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။ 

ရဟန်းတို့ အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်းအားထုတ်ရန် ထိုင်နေကြကုန် လော့၊ နိဗ္ဗာန်အကျိုးငှါ ပြင်းပြင်းထန်ထန် ကျင့်ကြကုန်လော့၊ သေမင်းသည် မေ့ လျော့နေသော သင်တို့ကိုသိ၍ မိမိအလိုသို့ လိုက်စေသည်ကို ပြုကာ မတွေဝေ စေလင့်။ 

လူတို့သည် လည်းကောင်း၊ နတ်တို့သည် လည်းကောင်း အကြင်တဏှာဖြင့် အလို ရှိကုန်သည်ဖြစ်၍ မှီလျက် တည်ကုန်၏၊ ကပ်ငြိတတ်သော ထိုတဏှာကို သင်တို့ သည် လွန်မြောက်ကုန်လော့၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို မလွန်စေလင့် ဗုဒ္ဓု ပ္ပါဒနဝမ ခဏကို လွန်စေသူတို့သည် ငရဲ၌ ကျရောက်ကြရကုန်သည် ဖြစ်၍ စိုးရိမ်ရကုန်၏။ 

ရဟန်းတို့ မေ့လျော့ခြင်းသည် မြူမှုန် အညစ်အကြေး မည်၏၊ မေ့လျော့ခြင်းသို့ အဖန်ဖန် ကျရောက်နေသော မေ့လျော့ခြင်းသည်လည်း မြူမှုန် အညစ်အကြေးပင် ဖြစ်၏၊ မမေ့လျော့ခြင်းဖြင့် လည်းကောင်း၊ အာသဝက္ခယ (ဝိဇ္ဇာ) ဉာဏ်ဖြင့် လည်း ကောင်း မိမိစိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နုတ်ရာ၏။ 

၁ဝ - ဥဋ္ဌာနသုတ်၊ စူဠ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။