နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, February 26, 2009

မုသာဝါဒသုတ်- (မဟုတ်မမှန်စကားဆိုခြင်း)







မုသာဝါဒသုတ်- (မဟုတ်မမှန်စကားဆိုခြင်း)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို လွန်ကျူး၍ တည်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ရာ သော မကောင်းမှုကို မပြုလုပ်ဟူ၍ ငါဘုရား မဟော၊ တစ်ခုသောတရားဟူသည် အဘယ်နည်း။

ရဟန်းတို့...
ယင်းတစ်ခုသော တရားဟူသည်...
သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုမှု 'မုသာဝါဒ' တရားပင်တည်း။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို...

''တမလွန်လောကကို စွန့်လွှတ်ပြီးသော တစ်ခုသော တရားကို လွန်ကျူးသော မုသားပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်အား မည်သည့် မကောင်းမှုကိုမျှ မပြုနိုင်ဟူ၍ မရှိတော့ပေ'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၅ - မုသာဝါဒသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။