နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 7, 2009

ဟေတုသုတ်- (အကြောင်းကြောင့်)

ဟေတုသုတ်- (အကြောင်းကြောင့်)

ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်း၊

အဆင်းအား၊ စည်းစိမ်အား၊ ဆွေမျိုးအား၊ သားသမီးအား၊ သီလအားတို့တည်း။

ရဟန်းတို့ မာတုဂါမသည်...
၁။ အဆင်းအားဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊
၂။ စည်းစိမ်အား ဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊
၃။ ဆွေမျိုးအားဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊
၎။ သားသမီးအား ဟူသော အကြောင်းကြောင့်သော် လည်းကောင်း
ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ မရောက်နိုင်။

ရဟန်းတို့ မာတုဂါမသည် ...
၅။ သီလဟူသော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်နိုင်၏။

ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

၇ - ဟေတုသုတ်၊ ဗလ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။