နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 9, 2009

ကုလဃရဏီသုတ်-

ကုလဃရဏီသုတ်-(ကုလ=မြတ်သောအမျိုး၊ ဃရဏီ=အိမ်ရှင်မ)



အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊

ထိုအခါ၌ ထိုရဟန်းသည် အမျိုးတစ်ဦး၌ အလွန်ခင်မင် သက်ဝင်ခြင်းသို့ ရောက် သည် ဖြစ်၍ အချိန်ကြာမြင့်စွာ နေ၏၊

ထိုအခါ ထိုတောအုပ်၌ အုပ်စိုး၍ နေသော နတ်သည် ထိုရဟန်းအား အစဉ်သနား ခြင်း ရှိသည်ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလို ရကား ထိုအမျိုး၌ရှိသော အိမ်ရှင်မ၏ အသွင်ကို ဖန်ဆင်း၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''ရဟန်း မြစ်ကမ်းနားတို့၌လည်းကောင်း၊ အပန်းဖြေနားနေရာ အရပ်၌လည်း ကောင်း၊ ပွဲသဘင်တို့၌ လည်းကောင်း၊ လမ်းမတို့၌လည်းကောင်း လူအပေါင်းတို့ သည် စုရုံးကြကုန်၍ အကျွန်ုပ်၏ အကြောင်းကိုလည်းကောင်း၊ သင်၏ အကြောင်း ကိုလည်းကောင်း တိုးတိုး ပြောဆိုတိုင်ပင်ကြကုန်၏။

အဘယ်ကဲ့သို့သော အကြောင်းမျိုး ဖြစ်ပါလိမ့်မည်နည်း'' ဟု ဆို၏။

''အိမ်ရှင်မ လောက၌ ဆန့်ကျင်ဘက် ပြောဆိုသော အသံတို့သည် များပြားကုန် သည်သာတည်း၊

ခြိုးခြံစွာ ကျင့်လေ့ရှိသူသည် သည်းခံအပ်၏၊
ထိုအကြောင်းကြောင့် မျက်နှာမသာ မဖြစ်ရာ၊
ထိုသို့ ပြောခြင်းကြောင့် မညစ်နွမ်းလတ္တံ့။

အိမ်ရှင်မ အကြင်သူသည် 'တော၌ ဝါတမိဂမည်သော သားကောင်းကဲ့သို့' စကား သံဖြင့် ထိတ်လန့်၏၊ ထိုသူကို ပေါ့သောစိတ်ရှိသော ပုဂ္ဂိုလ်ဟူ၍ (ပညာရှိတို့) ဆိုကုန်၏၊ ထိုပုဂ္ဂိုလ်အား အကျင့် မပြည့်စုံရာ'' ဟု (မိန့်ဆို၏)။

၈ - ကုလဃရဏီသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။