နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 24, 2009

စိတ္တသုတ်- (စိတ်)

စိတ္တသုတ်- (စိတ်)

အဘယ်အရာသည် လောကကို ဆောင်အပ်ပါသနည်း၊
အဘယ်အရာသည် လောကကို ဆွဲငင်အပ်ပါသနည်း၊
အလုံးစုံသော တရားတို့သည်သာလျှင် အဘယ်မည်သော တစ်ခုသော တရား၏
အလိုသို့ အစဉ်လိုက်ရပါကုန်သနည်း ဟု လျှောက်၏။

စိတ်သည် လောကကို ဆောင်အပ်၏၊
စိတ်သည် လောကကို ဆွဲငင်အပ်၏၊
အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟု ဆိုအပ်သော တစ်ခုသောတရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏ ဟု မိန့်တော်မူ၏။

၂ - စိတ္တသုတ်၊ အဒ္ဓ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။