နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 15, 2009

စိတ်ပျံ့လွင့်မှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...


အာဟာရသုတ်-မှ...

စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန်ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ'
ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ် နည်း။

ရဟန်းတို့ ...
စိတ်မအေးငြိမ်းမှုသည် ရှိ၏၊ ထိုစိတ်မအေးငြိမ်းမှု၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ
ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေး သော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို အတိုင်း ထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ 232-4

ရဟန်းတို့ ...
မဖြစ်သေးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော
တရားကား အဘယ်နည်း။

ရဟန်းတို့ ..
စိတ်၏ ငြိမ်းအေးမှုသည်ရှိ၏၊ ထိုစိတ်၏ ငြိမ်းအေးမှု၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေး သော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို
အတိုင်းထက် အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း...။ 232-4

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ငါးပါးလုံးသို့ --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။